FTTI Trainees Singing Hymns to the Lord 印尼全时间学员向主歌唱

FTTI အင်ဒိုနီးရှားမှာ ၁ နှစ်ပြီးဆုံးသည့်တိုင် ကိုယ်တော်ပို့ဆောင်ခဲ့သောကြောင်း ချီးမွမ်းပါ၏။

Hymns, #261
ဆက်ကပ်အပ်နှံခြင်း – သခင်ဘုရားအတွက် အသက်ရှင်ခြင်း
Eng:456 Chin:342 Kor:342

1 ယေရှုရှင်ဘို့သာ သစ္စာနှင့်နေမည်
ပြုမူလေသမျှ နှစ်သက်စေပါမည်
စိတ်ပါဝမ်းမြောက်စွာ အလိုတော်လိုက်မည်
ဤသို့ပြုခြင်းသာ ကောင်းကြီးခံရမည်။

ကယ်တင်ရှင်ယေရှုသခင်၊ ကိုယ်ကိုပူဇော်ဆက်တင်
ကျွန်ုပ်ကိုကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ
ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင်ကိန်းဝပ်မူပါ
နောက်နောင် ကိုယ်တော်အရှင်ဖို့သာ
အသက်ကိုပူဇော်မည်။

2 သေခံရှင်ဖို့သာ အသက်ရှင်ပါမည်
ကျွန်ုပ်အပြစ်ကြောင့်သာ ကိုယ်တော်သေခံပြီ
ရှိသမျှအပ်ပြီး နောက်တော်လိုက်ဖို့လည်း
ဤမေတ္တာတော်ပင် သွေးဆောင်ခေါ်ယူ၏။

ကယ်တင်ရှင်ယေရှုသခင်၊ ကိုယ်ကိုပူဇော်ဆက်တင်
ကျွန်ုပ်ကိုကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ
ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင်ကိန်းဝပ်မူပါ
နောက်နောင် ကိုယ်တော်အရှင်ဖို့သာ
အသက်ကိုပူဇော်မည်။

3 ဘယ်ရပ်မှာမဆို ကိုယ်တော်ဖို့သက်ရှင်
နာမတော်မြတ်နှင့် ဝတ်ကိုဆောင်ရွက်ချင်
ဒုက္ခခံရလျှင် မညည်းဘဲခံချင်
ကိုယ်တိုင်ထမ်းဖို့ရာ၊ ကားတိုင်ပင် မှတ်ထင်။

ကယ်တင်ရှင်ယေရှုသခင်၊ ကိုယ်ကိုပူဇော်ဆက်တင်
ကျွန်ုပ်ကိုကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ
ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင်ကိန်းဝပ်မူပါ
နောက်နောင် ကိုယ်တော်အရှင်ဖို့သာ
အသက်ကိုပူဇော်မည်။

4 ခဏသက်ရှင်စဉ် ကိုယ်တော်ဖို့သက်ရှင်
ကိုယ်တော်ဝမ်းမြောက်ခြင်း၊ ထူးမြတ်ဘဏ္ဍာထင်
လမ်းလွဲသူတို့ကို ကိုယ်တော်ရှင်ထံသို့
ပြန်လာစိမ့်သောငှါ ရှာဖွေလျက်ဆောင်ပို့။

ကယ်တင်ရှင်ယေရှုသခင်၊ ကိုယ်ကိုပူဇော်ဆက်တင်
ကျွန်ုပ်ကိုကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ
ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင်ကိန်းဝပ်မူပါ
နောက်နောင် ကိုယ်တော်အရှင်ဖို့သာ
အသက်ကိုပူဇော်မည်။

Source: https://www.facebook.com/rvinmyanmar/videos/1166049206882889/